3D Scene အတွက် မြက်ခင်းလုပ်မယ်ကြံတော့ ရုတ်တရက် ခေါင်းစားသွားပါတယ်။ ခပ်ဝေးဝေးကဆိုရင် မြက် Texture ကိုပေး၊ Bump ထည့်လိုက်ရုံနဲ့ ရပါပြီ။ မနီးမဝေးဆိုလည်း Displacement map လောက်သုံးရင် ရုပ်လုံးကြွပါတယ်။ အသေးစိတ်ပြထားရင်တော့ 3D Model အစစ်ကို သုံးမှပဲ ရပါတော့မယ်။
Read the full story »
အိုင်ဒီယာနှင့် ဖန်တီးနိုင်စွမ်းသည် အနုပညာသမား တစ်ယောက်အတွက် အလွန်ပင် အရေးကြီးသည်။ စုတု အဆင့်မှာတင် ရပ်မနေဘဲ ကိုယ်တိုင်ပြုလုပ်နိုင်သည့် အဆင့်တိုင် တက်လှမ်းနိုင်ရမည်။
အော်ဝဲဟာ စာအုပ်အနည်းငယ်နဲ့ အက်ဆေးအချို့ကိုသာ ရေးခဲ့ပေမယ့် သူ့စာ အများစုဟာ ပြောစမှတ်တွင်လောက်အောင် သမိုင်းမှာ ကျန်ရစ်ခဲ့တဲ့ စာတွေ ဖြစ်တယ်။ ၁၉၄၃ မှာ အော်ဝဲရဲ့ အမေဆုံးတော့ သူ Animal Farm ကို စရေးပြီး ၁၉၄၄ မှာတော့ ထုတ်ဝေဖို့ အသင့် ဖြစ်နေခဲ့ပါပြီ။ သူ့စာဟာ ၁၉၁၇ ရှရှားတော်လှန်ရေးကို သရော်ထားတာ ဖြစ်တဲ့အတွက် အင်္ဂလန်ရဲ့ စစ်တွင်း မဟာမိတ်ဖြစ်ခဲ့တဲ့ ဆိုဗီယက်အငြိုအငြင် မခံလိုကြတာနဲ့ ဘယ်သူမှ သူ့စာအုပ်ကို မထုတ်ရဲကြပါ။ နောက်ဆုံးမှာတော့ Secker and Warburg ကနေ သူ့စာအုပ်ကို ၁၉၄၅ သြဂုတ်မှာ ထုတ်ခဲ့ပါတယ်။ ထုတ်ဝေပြီး မကြာမီပဲ ကမ္ဘာနဲ့အဝှမ်း အငြင်းပွားဖွယ် အဖြစ်ဆုံး စာတစ်အုပ် ဖြစ်ခဲ့ပါတယ်။ Animal Farm ကို ၂၀ ရာစုရဲ့ ကမ္ဘာ့အကောင်းဆုံး စာတစ်အုပ်အဖြစ် အသင်းအဖွဲ့ အများအပြားက သတ်မှတ်ကြပါတယ်။
“၃ မိနစ်စာ Animation တခုကို အဆင့်မီမီထွက်ချင်ရင် ၃ ပါတ်ကနေ ၂ လလောက်အထိ အထိအချိန်ယူရပါတယ်” (3D Designer ကိုမောင်မောင်ဆန်း) နှင့် တွေ့ဆုံခြင်း
ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ကာတွန်း animation တွေကို မြန်မာနိုင်ငံမှာ စပြီးတော့ မိတ်ဆက်ပေးခဲ့သူတွေထဲမှာပါတဲ့ ကိုမောင်မောင်ဆန်းက Yoeyar CG blog (www.yoeyar.com) ဆိုပြီးတော့ Blog တစ်ခု ကို ဖန်တီးထားပါတယ်။ အခု Singapore မှာ သုံးဘက်မြင်ရုပ်ပုံဒီဇိုင်းတွေကို ဆွဲတဲ့ 3D designer တစ်ယောက်ဖြစ်နေတဲ့ ကိုမောင်မောင်ဆန်းက ဒီ Blog ဟာ သူ့ဘဝနဲ့ကို ချီပြီးတော့ အသုံးဝင်ပါတယ်တဲ့။
Autodesk က Max new versions တွေ ထုတ်ရင် အပြောင်းအလဲ သိပ်ကြီးကြီးမားမား မရှိတတ်ပေမယ့် ဒီတစ်ခါတော့ အသစ်အဆန်းတွေ အများအပြားနဲ့ ထွက်လာပါပြီ။ Max Crazy တွေကတော့ သိပြီးကြလောက်ပါပြီ။ မစမ်းကြည့်ရသေးတဲ့လူတွေ၊ 3D စတော့မယ်၊ ဘာဆော့ဝဲသုံးရင်းကောင်းမလဲလို့ ချီတုံချတုံ ဖြစ်နေသူတွေအတွက် Max 2011 ရဲ့ Features တွေကို အတိုချုံး မိတ်ဆက်ပေးပါ့မယ်။
ဒီရက်ပိုင်း Game Developer တစ်ယောက်ကို ကူညီတဲ့အနေနဲ့ Character လေးတွေ ဖန်တီးဖြစ်သွားတယ်။ လေယာဉ်ဂိမ်းဆိုတော့ ပထမတော့ အလုပ်ကလည်း ဒီရက်ပိုင်း များနေတာနဲ့ အွန်လိုင်းကပဲ ကောင်းနိုးရာရာလေးတွေ ရှာပြီး ဖြတ်ဖောက်ချုပ်လုပ်လိုက်မလို့ပဲ။
ဒါပေမယ့် ကာတွန်း 3D Model တွေ ဘယ်လိုမှ ရှာမရတာနဲ့ ကိုယ်ဟာကိုယ်ပဲ နှစ်နာရီလောက် ငုတ်တုတ်ထိုင် စဉ်းစားလိုက်တာ ဇာတ်ကောင်ငါးခု ပုံကြမ်းထွက်လာတယ်။ အဲဒါတွေကို 3D နဲ့ ကောက်ဆွဲလိုက်တော့ ဒီလိုမျိုး Lowpoly ဇာတ်ကောင်တွေ ထွက်လာပါတယ်။